top of page
Search
PSA

Dell XPS 13 2020 အကြောင်း တစေ့တစောင်း


လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း Dell XPS 13 သည် တဖြည်းဖြည်းတိုးတက် ပြောင်းလဲလာ သည်ကို မြင်တွေ့ရပြီးနောက် ဖြစ်နိုင်ခြေရှိသည့်တိုးတက်မှုများနှင့်အညီ အဆုံးသို့ရောက်နိုင်ပြီဟုထင်မိပါသည်။ 2019 version တွင်အလွန်ပါးလွှာသော bezel ဖြင့်ထွက် ရှိလာပြီး စျေးနှုန်းချိုသာစွာဖြင့်စွမ်းဆောင်ရည်ကောင်းမွန်သည့် 4K Display ရွေးချယ်စရာများလဲ ရှိလာသည်။ Web Cam နေရာ နှင့် ပတ်သက် လည်း မျက်နှာပြင်ထိပ်ပေါ်၌အလွန်သေးငယ်သော webcam တစ်ခုထားခြင်းဖြင့် ရှေ့သို့တက်လှမ်းနိုင်သည့်အဓိကခြေလှမ်းတစ်ခုဖြစ်ခဲ့ သည် ။

နာမည်ဆိုးဖြင့်ကျော်ကြားသော web-cam ရိုက်ချက်နှင့် ပတ်သက်၍ ဝေဖန်သံများကို ကြားရတော့်မည် မဟုတ်ပေ။ ထိုနည်းတူစွာ Web-Cam စနစ်ပတ်သက် ၍ တိုင်ကြားချက်များ လည်း ရရှိတော့်မည်

မဟုတ်ပေ။  ဒါဆိုရင် ဘယ်လိုပြင်လိုက်တာ လဲ လို့ စဥ်းစား နေမှာ အမှန်ပါ ...... ပထဆုံး စပြောရမှာတော့် မျက်နှာပြင်ကိုပြုပြင်ခြင်းဘဲဖြစ်ပါတယ် ၊

ဒီ bezel ကိုအနည်းငယ် နည်းနည်းလေး ချွေတာ ပြီးအဖုံးကိုပုံဖော်ခြင်းဖြင့်စတင်ပါမယ်။ ဒါကြောင့် ၁၃.၃ လက်မ မျက်နှာပြင် အစား ၁၃.၄ လက်မမျက်နှာပြင်ဖြင့် ပြောင်းလဲ တပ်ဆင် ခဲ့ပါတယ် သို့သော် ထိုပြောင်းလဲမှု သည် ယခု တွင် အလွန်ခေတ်မီသော 16:10 aspect ratio screen ခံစားမှုကိုရရှိစေမှာ ဖြစ်ပါသည်။

Body ကို မီလီမီတာအနည်းငယ်လျော့နည်းစေကာ သေးငယ်သော Design အသွင်အပြင် ဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။  ဒါပေမယ့်သေးငယ်တဲ့ကိုယ်ထည်ကဆိုလိုတာကအလေးချိန် ၁ ပေါင် နဲ့ ညီမျှပြီးတော့် ၊ နောက်ဆုံးပေါ်  က MacBook Air ၁၃ အောင်စ ဆိုတော့်  ကောက်ကိုင်လိုက်တဲ့အခါ သိပ်သည်းတယ်လို့ခံစားရပြီး မျှော်လင့်ထားတာထက် အနည်းငယ်ပိုလေးပါ တယ်။


XPS 13 ရှိအံ့သြဖွယ်ကောင်းသော Screen-to-body ratio သည် ဤနေရာတွင် အမှန်တကယ် အရောင်းရဆုံးနေရာတစ်ခုဖြစ်သည်။  လူအချို့အတွက် White woven Glass Version က  - Black Carbon Fiber ထက် ဒေါ်လာ ၅၀  ပိုမိုရောင်းချခြင်းသည် အလွန်ဆွဲဆောင်မှုရှိသည်။  ကျွန်တော်တို့ ထင်မထားမိတာက တော့် White Palm Rest Area  နှင့် အလူမီနီယမ်အောက်ပိုင်းကိုယ်ခန္ဓာသည် ရိုးရှင်းပြီး သဘာဝကျ သည့် အစိတ်အပိုင်း ဟု ခံစား ခဲ့ရသည်၊  XPS 13 အသစ်နှင့် MacBook Air အသစ်နှစ်ခုလုံးကိုဘေးချင်းယှဉ်ကြည့်ပြီး XPS က ပို၍ ထူးခြား နေသည်ကို တွေ့ရပေလိမ့်မည် ။



XPS 13 အသစ်သည် ၁၃ လက်မအရွယ် laptop တစ်လုံးဖြစ်သော Apple MacBook Air နှင့်အတူတူပင်တစ်ချိန်တည်းတွင် ထွက်ရှိလာသော ကြောင့်ဈေးကွက်နေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်ပေ ဦး မည်။  MacBook Air အသစ်သည် keyboard style အသစ်သို့ပြောင်းလဲ ခြင်းအားဖြင့် သူ့ဟာသူအဆင့်မြှင့်တင်မှုတွေလုပ်ခဲ့ပါတယ် ။ ဒီအချက်ဟာ  XPS 13 နှင့် တော်တော် နီးစပ်တဲ့ ပြောင်းလဲမှုလဲဖြစ်ပါတယ် ။ XPS 13 တွင်လည်းထပ်မံထည့်သွင်းပေးထားသည့် 10th Gen  Core i5 CPU များဖြင့်ထပ်မံထွက်ရှိလာခဲ့ပါတယ်။


XPS 13 မှာ USB-C port နှစ်ခု နှင့် Thunderbolt Port သုံးခု ပါဝင်မှာဖြစ်ပါတယ် ။ MacBook Air ကတော့် ထိုအရာများနဲ့ ဆန့်ကျင် ၍ Port အနည်းငယ်သာ ပါဝင်ပါတယ်။ XPS 13 တွင် microSD card reader လည်းပါ ၀ င်ပြီး  တခြား Laptop တော်တော်များများ မှာတော့် မပါတော့်ပါဘူး  နောက်ဆုံးအနေနဲ့  edge-to-edge Display ကို ဘယ်သူမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ နောက်တခုကတော့်  MacBook ၏မျက်နှာပြင် bezels သည်အနည်းငယ်ကြီးတယ်လို့ ခံစားရပါတယ် ။  FHD touchscreen ထက်ဒေါ်လာ ၂၀၀ ပိုပေးရတဲ့ 4K option ဖြင့်လည်း ရရှိနိုင်ပါတယ်၊ ကျွန်တော်တို့ရရှိခဲ့တဲ့အထင်ကြီးစရာကောင်းတဲ့  အချက်ကတော့ ၁၁ နာရီ ၂၆ မိနစ်ဘက္ထရီသက်တမ်းကို Researcher တစ်ချို့ ရဲ့ စမ်းသပ်မှုတွေမှာ တွေ့ရှိခဲ့ရပါတယ် ။




အချို့သော Premium Windows လက်တော့ပ် များဖြစ်သည့် Acer Swift 7 နှင့် LG Gram ကဲ့သို့သော Laptop များသည် အလေးချိန်ကိုလျှော့ချရန်အာရုံစိုက်ခဲ့ကြသည်  သို့သော် Dell သည် အောင်မြင်သောအောင်မြင်သူတစ် ဦး  အတွက်သိမ်မွေ့သောတိုးတက်မှု အချို့ပြုလုပ်ခဲ့ပြီး ၎င်း၏ခေါင်းစဉ်ကိုအကောင်းဆုံးအထွေထွေ အဖြစ်ဆက်လက်ထိန်းသိမ်းထားသည်။




ကြိုက်နှစ်သက်သော အချက်များ

  • အမြဲတမ်း ကြီးမားသော မြင်ကွင်းကိုခံစားနိုင်မှု

  • Laptop ၏ ကိုယ်ထည် ပေါ့ပါးသေးသွယ်မှု

  • ပုံမှန် ထက် Port နှင့် Connection များ ပိုဆက်သွယ်နိုင်

မကြိုက်သော အချက်များ

  • နောက်ဆုံးပေါ် CPU ကြောင့် ဈေးကြီးပါတယ်

  • Palm Rest Area မှာ ရှိတဲ့ Woven Texture ကတော့ နှစ်လိုဖွယ် သိပ်မကောင်းပါဘူး

Ref : CNET, DELL


5 views0 comments

Comments


bottom of page